Tuesday, December 18, 2012

ငွားငွားစွင့်စွင့်
ဝင့်ဝင့်ကြွားကြွား
လှတပတ..
ပွင့်ခဲ့ကြလည်း....
မျှော်သူ နမ်းရှိုက်

လှမ်းလိုက်ခဲ့သူ
ရှိလာမည်ဟု....
ရော်ရွယ်ရည်သမ်း
မပွင့်လန်းဘူး...
လောကတခွင်
လှစေချင်လို့...
ငုံစင်ပန်းမျှ
ဖူးဘ၀က...
လှလှလန်းလန်း
ပွင့်သစ်စမ်းသည်....
သခင့် မမျှော်ပန်း.........။

(မိုးယံမင်းလွင်)

No comments:

Post a Comment